အမှားများများလုပ်တဲ့သူက အလုပ်များများလုပ်လို့ပါ။ တခါမှမမှားဖူးတဲ့သူဆိုတာ တခါမှလည်း ဘာမှလုပ်ဖူးမယ့်သူမဟုတ်ပါဘူး။

 

ကျနော်တို့ကြီးပြင်းခဲ့ရတဲ့ ကျောင်းပညာရေး ဆုပေး၊ဒဏ်ပေးစနစ်ဟာ forex trading နဲ့ ပြောင်းပြန်အချိုးကျနေတယ်။

 

ဘာကြောင့်ဒီလိုပြောရလဲဆို မှတ်မိတာတစ်ခုက – ငယ်ငယ်က ကျောင်းမှာ သင်္ချာ ၉၉မှတ်ရပြီးအိမ်ပြန်လာတော့ ကျူရှင်ဆရာမကပြောတာ မှားခဲ့တဲ့ ဓမ္မဒိဌာန် ၁ပုဒ်ဟာ စာမေးပွဲမတိုင်ခင်ညက သူအသေအချာရှင်းပြခဲ့ကြောင်း၊ မမှားသင့်ကြောင်း ပြောတယ်၊ ဆူတယ်။ မှန်ခဲ့တဲ့ ၉၉မှတ်အကြောင်းဘာမှချီးကျူးမခံခဲ့ရဘူး။

 

ကြီးပြင်းခဲ့တဲ့ကျောင်းပညာရေးစနစ်က အမှားလုပ်ရင် ဒဏ်ပေးမယ်၊ အမှန်လုပ်ရင် ဒါမှ normal ဖြစ်တယ်ဆိုတာမျိုး ခေါင်းထဲရိုက်သွင်းခဲ့တယ်။ အပြစ်ပြောတာမဟုတ်ဘူး။ တကယ့်လက်တွေ့ဘဝမှာ (forex မှမဟုတ်ဘူး) ဘယ်အလုပ်ပဲလုပ်လုပ် အမှားဆိုတာ ရှောင်လွှဲလို့မရပါဘူး။ အလုပ်ကြီးကြီးလုပ်တဲ့သူဟာ အမှားကြီးကြီးမှားလေ့ရှိတာပါ။

 

Forex trading မှာလည်း နေ့စဉ်နဲ့အမျှ market ထဲကိုဝင်ပြီဆိုတာဟာ မိမိရဲ့ ပိုက်ဆံကိုရင်းပြီး risk ယူလိုက်တာပဲ။ risk နဲ့အတူတကွပါလာတာဟာ ဆုံးရှုံးနိုင်ခြေ။ ဒါတွေကို သေချာ manage လုပ်နိုင်ပြီဆိုရင် အမှားတွေကြားထဲကပဲ ပိုက်ဆံရှာတတ်သွားပါလိမ့်မယ်။

 

ကျနော် Currency Trading စီးပွါးရေးလုပ်ငန်းကိုလုပ်ကိုင်တဲ့ရည်ရွယ်ချက်ဟာ မှန်ဖို့မဟုတ်ပါဘူး။ ပိုက်ဆံရှာဖို့တစ်ခုတည်းဖြစ်ပါတယ်။ trades ပေါင်း အခု ၁၀၀ လောက်လုပ်ရင် ၄၅ခုလောက်က အမှားတွေကြီးပဲ။ ၅၅ခုလောက်ပဲမှန်တာ။ ဒီစီးပွါးရေးမှာ အဓိကက မှန်ဖို့မဟုတ်၊ ပိုက်ဆံရဖို့။

 

အလုပ်များများလုပ်လေလေ၊ အမှားများများပါလေ။ အလုပ်ကြီးကြီးလုပ်လေလေ၊ အမှားကြီးကြီးပါလေလေပါပဲ။ မိတ်ဆွေ forex trading လုပ်တော့မယ်ဆို ရည်ရွယ်ချက်ချမှတ်ပါ။ အနာဂါတ်ကို မှန်အောင်ခန့်မှန်းဖို့က အဓိကလား? Profit ရဖို့ကအဓိကလား? ကျနော်ကတော့ ဒုတိယတစ်ခုကိုရွေးပါတယ်။